အခုတလော ဘာမှရေးချင်စိတ်မရှိလို့ မရေးဖြစ်တာကြာပေါ့၊
သူများတွေရေးတာတွေပဲ လိုက်ဖတ်နေမိတယ်။
တခါတလေလဲရေးချင်စိတ်လေးတော့ဖြစ်မိသား တကယ်တန်း ရေးမယ်လုပ်တော့ စကားလုံးတွေပျောက်နေ
တယ်။အခုတလော အိမ်ပြန်ချင်စိတ်က ကျနော့ကို လွမ်းမိုး
နေတာခက်တယ်၊ ကျနော့စကားအတိုင်းပြောရရင်တော့
ဝပ်ကျင်းပေါ့ဗျာ။ဟုတ်တယ်ဗျ အဲဒီစကားလုံးလေးကို
ကျနော်အရမ်းကြိုက်တာ၊ ဒါပေမဲ့ အဲဒီ ၀ပ်ကျင်းမှာ ကျနော့တသက် တခါမှ မခိုလူံခဲ့ရသေးဘူး ။ကျနော် အိမ်ပြန်
ချင်တယ်ဆိုတာ အဲဒီအချက်လဲပါတယ်။ စိုက်ခဲ့သမျှပြန်လည်ရိတ်သိမ်းဘို့ အတွက်လေ....
ကျနော့မှာ အကျင့်တခုရှိတယ်.. လျှောက်ခဲ့တဲ့လမ်းကို ဘယ်တော့မှနောက်ပြန်လှည့်မကြည့်တတ်ဘူး။
အခုတော့ ဆယ်စုနှစ်တခုစာနီးပါးဝေးနေရတဲ့ မေမေ့ရဲ့ စကားလေးတခွန်းနဲ့ တင် ကျနော် နောက်ပြန်လှည့်ရ
အုန်းမယ်။တသက်လုံးအတူမနေခဲ့ရတဲ့ သားနဲ့  ကျန်ရှိနေတဲ့အချိန်တွေမှာအတူနေချင်တယ်တဲ့ဗျာ။
ပြန်ခဲ့ပါမယ်လို့ ပြောတဲ့အချိန်မှာ အပျော်တွေ စီးဝင်နေတဲ့ အမေ့စကားသံ ကျနော့တသက်မေ့နှိင်မယ်မထင်ဘူး။
အဖေကတော့ ကျနော်ပြန်လာရင် မိန့် မိန့် ကြီးပြုံးနေမှာပေါ့ဗျာ။
ပြန်လာခဲ့ပါမယ်၊ပြန်လာခဲ့ပါမယ်ပြောပီးမပြန်နှိင်တဲ့အမေ့သား ဒီတခါတော့ တကယ်ပြန်လာမှာပါ အမေ။ကျနော် မညာတော့ပါဘူး။ကျွေးမေမေကို ဆုံးရူံးခဲ့ရသလိုမျိုး မွေးမေမေကို ထပ်ပီး အဆုံးရူံးမခံနှိင်တော့လို့ ပါ။အခုပြန်မယ်ဆိုတဲ့ ၀ပ်ကျင်းက အဖေ့ဝပ်ကျင်းဗျ..အဟဲ
ကျနော်လား...၀ပ်ကျင်းတခုတည်ဆောက်ဘို့  အစွမ်းမရှိသေးပါဘူး။
ကျင်းကို ၀ပ်ပေးမဲ့ အမလေးကလဲ သောကြာအရပ်မှာ မရှိသေးပါဘူး။သူရဲံ့ဂြိုလ်သက်မပြည့်သေးဘူးတဲ့...အဟက်
အခုတော့ ကျနော် ကင်မရာလေးတလုံးဝယ်ပီး စိတ်ဖြေနေတယ်ဗျ။ဓါတ်ပုံရိုက်ရတာ ကျနော့ဝါသနာပဲ၊
အပေါ်ကပုံလေးက မြန်မာဆိုင်တခုမှာသောက်ရင်း လက်ကမြင်းထားတာလေ...ခွက်လေးထဲက အရည်တွေက
ကိုရီးယားရဲ့  နာမည်ကျော် ဆိုဂျူး ဆိုတဲ့ ယစ်ရွေရည်ပေါ့ဗျာ။
ကျနော့ကင်မရာလား canon 450d ပါ။ ကြုံတုန်းလေးကြွားတာ...ဟက်